Saturday, 12 March 2011

memory stick မှ virus ကွန်ပြူတာသို့ မ၀င်အောင်




virus အများစုရဲ့ file extensions တွေက .exe .vbs .inf(autorun file) .com .bat .cmd တို့ဖြစ်ပါတယ်။ဒီ file တွေ ဟာ memory stick မှာ hidden လုပ်ထားတယ်။ဒါမှမဟုတ် ပုံစံတူ Folder လုပ်ပြီး exe file လုပ်ထားမယ်။ဒီ file တွေကို Run လိုက်ရင်တော့....virus၀င်သွားပြီပေါ့ ဒီတော့ ဒီ file တွေကို မ Run အောင်လုပ်ထားလို့ရပါတယ်။ လုပ်ရမှာက..............
start>Run> secpol.msc လို့ရိုက်ပြီး Enter နိပ်ပါ။ Local security Settings ပေါ်လာပါပြီ။Software Restriction ကို right click နိပ်ပြီး Create New Policies ကိုနိပ်ပါ။ Additional Rules မှာတစ်ချက်နိပ်ပါ။ ညာဘက်အကွက်မှာ Right click> New Path Rule ကိုရွေးပါ။Path နေရာမှာ ကိုယ့် memory stick ရဲ့ Drive letter ကိုပေးရ ပါမယ်။ ဥပမာ Fဆိုရင်ဒီလိုရေးရပါတယ်။ f:\*.exe လို့ရိုက်ပြီး Security Level မှာ Disallowed ကိုရွေးပါ။ဒါဆိုရင် memory stick မှာရှိတဲ့ exe file တွေမ Run တော့ပါဘူး။ မယုံရင် Run ကြည့်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ ဆင့်ပွား Folder ထဲက exe file တွေကတော့ run ပါသေးတယ်။ virus တွေက memory stick ထဲမှာပဲ hiddenလုပ်ထားပြီး Run တာပါ။ဆင့်ပွား folder ထဲမှာ Run တယ်ဆိုတာ ရှားပါတယ်။ကျန်တဲ့ file extension တွေကိုလည်းလုပ်ရပါမယ်။ Right click နိပ်ပြီး New Path Rule ကိုရွေးပါ။ f:\*.vbs လို့ရိုက်ပါ။ Security Level မှာ Disallowed ကိုရွေးပေးပါ။ vb script file တွေ Run လို့မရတော့ပါဘူး။ဒီနည်းအတိုင်းတခြား extension တွေကိုလည်းလုပ်ကြည့်ပါဦး။ memory stick မှာ virus အများစုရဲ့ file တွေ Run လို့မရတဲ့ အတွက် Virus ကိုကာကွယ်ပြီးသားဖြစ်သွားပါပြီ။

No comments:

Post a Comment