Saturday, 2 July 2011

အရှင်ဘုရား

တစ်ခုခုကြောင့်
သူ့ကိုမလှည့်စားခဲ့ပါဘုရား.........
စတွေ့သည်မှ၊ ပစ္စက္ခထိ
ကြည့်ရာမြင်ရာ၊ အိမ်မက်မှာလဲ
သူပါပဲကွယ်၊ ဘယ်မှာရှိရှိ
သတိယတယ်၊ တမ်းတတတ်ပြန်
အဖန်ဖန်အထပ်ထပ်
တစ်ရံမလပ်အောင်
အမှတ်တရလဲ၊ ရှိနေဆဲပါဘုရား...........
သူနှင့်ပတ်သတ်လျှင်
သံယောဇဉ်တရား၊ ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရလွမ်းရ၊ တသသနှင့်
နောင်တဟသည် မရှိခဲ့ပါဘုရား.............
မေတ္တာ၏အင်အား
သစ္စာ၏အင်အား
ဤစကားများကြောင့်
ဘုရားတပည့်တော်အား
နားအလည်ဆုံးလူ၊ သူ...သူ...သူသည်
အပူသောက၊ မြူမျှမတွေ့
အားလုံးကိုမေ့နိုင်၍
ချမ်းမြေ့ကြည်နူးပါစေဘုရား.............။