Monday, 21 February 2011

အတိတ်အကြောင်းကို ပြောပြချင်တယ် မင်းကိုသိပ်ချစ်ခဲ့တဲ့အကြောင်းပေါ့။
ပစ္စုပန်အကြောင်း ပြောပြချင်တယ် မင်းနဲ့ဝေးလဲချစ်နေတဲ့အကြောင်းတွေလေ။
အနာဂတ်အကြောင်းလည်း ပြောပြချင်တယ် မင်းကိုပဲ ချစ်နေမယ့်အကြောင်းပါ။
အကြောင်းတရား အပြည့်အစုံနဲ့ ချစ်နေပေမယ့် မဟောင်းသွားတဲ့ ကို့နှလုံးသားက
တစ်စုံတစ်ခုကိုတော့ အမြဲသတိရနေတုန်းပဲ မင်းကို့ကို ထားသွားမဲ့အကြောင်းလေ။
ခံစားချက်တွေ ပူပြင်းလိုက်တာ အပြင်မှာပူနေတဲ့ နေကိုတောင် မမှုတတ်တော့ပါဘူး။
အသိုင်းအ၀ိုင်းငဲ့၊ ဘာသာရေးငဲ့နဲ့ ညှိယူလို့မရတဲ့ အကြောင်းတွေကြားမှာ
နှလုံးသားရင်းပြီး ချစ်ခဲ့ကြတဲ့ ကိုတို့နှစ်ဦး ကျောချင်းခိုင်းလို့ ဝေးရာလှမ်းခဲ့ ကြမယ်ဆိုရင်ပေါ
အခွင့်ကြုံလို့ ဆုံကြရင်တော့ သူငယ်ချင်းလို့ပဲ ဆက်ခေါ်မည်ပေါ့နော်။

1 comment:

  1. လာလည်သွားပါတယ် :) စာတွေအများကြီးရေးနိုင်ပါစေရှင်

    ReplyDelete